MOTHER

MOTHER
PEE TA HTOO

သြစတြေးလျားနိုင်ငံ တက်စမေးနီးယားပြည်နယ်၌ AKO ဖွဲ့စည်း

သြဂုတ်လ ၃၁ရက်။ စောကျော်ခွိ

သြစတြေးလျားနိုင်ငံတောင်ပိုင်းရှိ တက်စမေးနီးယား(Tasmania)ပြည်နယ်၊ Hobart
မြို့တွင် သြဂုတ်လ ၂၈ရက်က ကရင့်ရိုး ရာချည်ဖြူဖွဲ့ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရင်း
သြစတြေးလျား ကရင်အမျိုးသားအဖွဲ့အစည်း (AKO)ကို ဖွဲ့စည်းလိုက်သည် ဟု သိရသည်။


ကရင်အမျိုးသားများ မိမိတို့၏ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ကြစေရန်၊ ကရင့်
တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ရန်နှင့် အမျိုးသားနိုင်ငံရေးအပေါ် မျက်ခြေမ
ပြတ် ဆက်လက်လုပ်နိုင်ကြစေရန် ရည်ရွယ်ပြီး တက်စမေးနီးယား ပြည်နယ်၊ သြစတြေးလျား
ကရင်အမျိုးသားအဖွဲ့(AKO) ကို ပထမဆုံးအကြိမ် ဖွဲ့စည်းရခြင်းဖြစ်သည်။


ယင်းသို့ ဖွဲ့စည်းရာတွင် အလုပ်အမှုဆောင်များအဖြစ် နော်ဖောထူးလိုင်(ဥက္ကဌ)၊ စောဖောနေ
(ဒု-ဥက္ကဌ)၊ စောအဲစူး(အတွင်းရေး မှုး)၊ စောဆာအဲ (တွဲဖက်အတွင်းရေးမှုး) အပါအ၀င်
အလုပ်အမှုဆောင် ၁၅ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

Hobart မြို့ Glenorchy Primary School မူလတန်းကျောင်း၌ ထိုနေ့ နေ့လည်(၁)
နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုအခမ်းအ နားသို့ တက်စမေးနီးယားပြည်နယ်အစိုးရနှင့် အစိုး
ရကိုယ်စားလှယ်များ၊ မြို့တော်ဝန်၊ သြစတြေးလျားနိုင်ငံသားများနှင့် ကရင် ပြည်သူများ စုစုပေါင်း
၃၅၀ခန့် တက်ရောက်လာခဲ့ကြသည်။

ရိုးရာလက်ချည်ပွဲနှင့် ပတ်သက်၍ မြို့တော်ဝန် (Andriana Taylor)မှ ကရင်လူမျိုးများ
မိမိတို့၏ ရိုးရာဓလေ့ ထုံးစံများကို လွတ် လပ်စွာ ဖော်ထုတ်နိုင်ကြပြီး သြစတြေးလျားရှိ လူမျိုး
စုံယဉ်ကျေးမှုအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေကြောင်း အားပေးစကား ပြောကြား
ခဲ့သည်။

“ဘယ်ကိုပဲရောက်ရောက် ကရင်လူမျိုးတွေဟာ မိမိရိုးရာဓလေ့တွေကို မမေ့မပျောက် ဆက်လက်
ထိန်းသိမ်းကျင်းပလေ့ရှိတာ ကို တွေ့ရတော့ ၀မ်းသာမိပါတယ်။ ကရင့်အရေးတွေကို ထိထိမိမိ
လုပ်ဆောင်နိုင်ဖို့ အခုလို ကရင်အဖွဲ့အစည်းတွေ ပေါ်ပေါက် လာလို့လည်း တည်ငြိမ်မှုတွေ ခံစား
လာရသလိုပဲ။”ဟု ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သူ စောအဲရှူးက ပြောကြားခဲ့သည်။

သြစတြေးလျားနိုင်ငံ Tasmania ပြည်နယ်သို့ ၂၀၀၈ခုနှစ်မှစ၍ ရောက်ရှိလာသည့် ကရင်လူမျိုး
များမှာ အိမ်ထောင်စု ၃၀ကျော် နှင့် လူဦးရေ ၁၅၀ခန့်ရှိပြီး ယခုနှစ်မှသာ ရိုးရာလက်ချည်ပွဲကို
စုပေါင်းကျင်းပခဲ့ကြရာ မန်းအော်လန်းဒို၊ မန်းချစ်စိန်၊ စောကနဲမီ အပါအ၀င် ဆစ်ဒနီ၊ မဲလ်ဘုမ်းမှ
ကိုယ်စားလှယ် ၁၀ဦးခန့် သွားရောက်ခဲ့ကြသည်။

AKO ဥက္ကဌ စောလွင်ဦးက “တိုင်းရင်းသား ကရင်လူမျိုးများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု
တွေ၊ နအဖ စစ်အုပ်စု၏ လူသား ချင်း မစာနာတဲ့လုပ်ရပ်တွေကို သြစတြေးလျားနိုင်ငံသားများ၊
ကရင်ပြည်သူတွေ ပိုမို သိစေချင်ပါတယ်။ နိုင်ငံတကာနှင့် ကမ္ဘာ့ ကုလသမဂ္ဂမှလည်း စုံစမ်းစစ်
ဆေးရေးကော်မရှင်ဖွဲ့ပြီး နအဖ စစ်ရာဇဝတ်ကောင်တွေကို ခုံရုံးတင် စစ်ဆေးပေးနိုင်ဖို့၊ သြစတြေး
လျားအစိုးရကလည်း ဒီကော်မရှင်ဖွဲ့မှုကို ထောက်ခံပေးစေချင်ပါတယ်။”ဟု ပြောသည်။

၁၉၉၇ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည့် AKO အဖွဲ့သည် သြစတြေးလျားနိုင်ငံရှိ ဆစ်ဒနီ၊ ကန်ဘာရာ၊
မဲလ်ဘုမ်း၊ ဒါဝင်၊ ပါ့သ်၊ ဘရစ် စဘိန်း၊ အတ်ဒ်လိတ်ဒေသများတွင်လည်း ဒေသဆိုင်ရာ အဖွဲ့ခွဲ
များ ရှိထားသည်ဟု သိရသည်။

ဆက်ဖတ်နိုင်ပါသေးသည်...

ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး လက်အောက်ခံတပ်ကို ဂိတ်က ဖြတ်သန်းခွင့်မပြု

DVBမှကူးယူဖေါ်ပြသည်။
Doc 1

ဆက်ဖတ်နိုင်ပါသေးသည်...

ကရင်ပါတီ ကြံ့ဖွံ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ကရင်ပြည်သူ့ပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်အသွင်ကို
ဆောင်ကြောင်း ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့်က ပြောသည်။

”ပြည်ခိုင်ဖြိုးက စနစ်တကျဖွဲ့ထားတဲ့ ပါတီလေ။ သူတို့က အင်အားလည်း ကောင်းတယ်။ သူတို့
လုပ်မယ့် မူဝါဒတွေက ကျနော်တို့အတွက် လက်မခံနိုင်စရာ မရှိဘူး။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုးဟာ
ကျနော်တို့အတွက် ပြိုင်ဘက်လည်း မဟုတ်ဘူး။ လက်တွဲဆောင်ရွက်စရာတွေရှိရင် လက်တွဲဆောင်
ရွက်ဖို့ အသင့်ရှိတယ်” ဟု ကရင်ပြည်သူ့ပါတီ Karen People’s Party မှ ဦးထွန်းအောင်
မြင့်က မဇ္ဈိမကို ပြောသည်။


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အခြေပြု ကရင်ပါတီတွင် အငြိမ်းစား စစ်မှုထမ်းများနှင့် အငြိမ်းစား
အစိုးရဝန်ထမ်းဟောင်းများ အဓိက ပါဝင်ကာ ပါတီဝင် ၆ဝဝဝ နီးပါး ရှိနေပြီဟု ပါတီခေါင်း
ဆောင်များက ပြောသည်။

အတွင်းရေးမှူး စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား
ဗိုလ်မှူးကြီး)၊ ဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် (အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာ
စောဆိုင်မွန်သာတို့ကို ယင်းပါတီရုံးရှိရာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရုံးတွင် တွေ့ရစဉ်။

သူတို့က နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု
ရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။

ရွေးကောက်ပွဲတွင် ပါတီအမတ်လောင်းများ အရွေးခံရလျှင် ကရင်ပြည်နယ်အတွင်းရှိ မငြိမ်သက်မှု
များကို နှိမ်နင်း ဆောင်ရွက်မည်ဟု ပါတီအတွင်းရေးမှူး စောစေးဝါးက ပြောသည်။

”ဒီမိုကရေစီဟာ ချက်ချင်းမရနိုင်ဘူး။ တပ်မတော်အနေနဲ့ အခုလို ရွေးကောက်ပွဲ ကျင်းပတာဟာ
စစ်တပ်ပုံစံ စနစ်တကျ ခွါစစ်ဆင်တာမျိုးလို့ ကျနော်မြင်တယ်။ ပြည်သူတွေအတွက် ကျနော်တို့အ
နေနဲ့ လူတန်းစားကွာဟမှု မရှိစေဖို့တော့ ဆောင်ရွက်သွားမယ်။ လူတန်းစားကွာဟမှု မရှိဘူးဆိုတဲ့
နေရာမှာ ပညာရေး၊ ကျန်းမာရေး စတဲ့ ကိစ္စတွေ ပါတယ်” ဟု သူက ပြောသည်။

ကရင်ပြည်သူ့ပါတီသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ၄ဝ ကျော် တင်ခဲ့ကြောင်း
ပါတီဝင်တဦးက ပြောသည်။

ရန်ကုန်တွင် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့်
(အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ တောင်ငူအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူး
စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား ဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာစောဆိုင်မွန်သာ
က ဧရာဝတီတိုင်း ကရင်ရေးရာလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံမည်။

စစ်အစိုးရက ထူထောင်ခဲ့သော ကြံ့ဖွံ့ပါတီနှင့် ဖက်လဲတကင်း လုပ်လိုမှုအပေါ် ပါတီဝင်အချို့က
ကြိုက်နှစ်သက်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

ဆက်ဖတ်နိုင်ပါသေးသည်...

နယ်စပ်သွားလာမှု ပိတ်ထားသော်လည်း မဲဆောက်ဆန်လှူပွဲ စည်ကားဆဲ

သြဂုတ်လ ၃၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးတံတား တရားဝင် ပိတ်ပင်ခဲ့သော်လည်း ထိုင်းနိုင်ငံ-
မဲဆောက်မြို့တွင် နှစ်စဉ် ကျင်းပပြု လုပ်နေကျဖြစ်သည့် တရုတ်ဆန်လှူပွဲကို ယနေ့ ပြု
လုပ်ရာ ယခင်နှစ်များအတိုင်း စည်ကားနေဆဲဖြစ်သည်။


အဆိုပါ ဆန်လှူပွဲတွင် နှစ်စဉ် လုံခြုံရေး တာဝန်ယူပေးသူ ကိုစိုးနိုင်က “ကျနော်တို့ထင်တာက
တံတားပိတ်ထားဆိုတော့ မြန် မာပြည်ဘက်ခြမ်းကလူတွေ အလာနည်းမယ် ထင်ထားတာ။
ဒါပေမဲ့ အရင်နှစ်နဲ့ အတူတူပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ် မြန်မာပြည်သားတွေအတွက်
လက်မှတ်(၁၀,၀၀၀)နဲ့ ထိုင်းက သက်ကြီးရွယ်အိုတွေအတွက် လက်မှတ်၂,၀၀၀ဟာလည်း
အ ကုန်လုံး ကုန်သွားတာပဲ။”ဟု ဆိုသည်။

ထိုဆန်လှူပွဲကို ကွယ်လွန်ခဲ့ပြီးသော ဘိုးဘွားမိဘများကို ရည်စူး၍ မဲဆောက်မြို့ရှိ တရုတ်
ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ နှင့် ဖွဲ့စည်းထားသော စုပေါင်းကုသိုလ်ပြု ဘုံကျောင်း
ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပခဲ့ရာ လူမျိုး၊ ဘာသာမရွေး ပေးကမ်းလှူဒါန်း ခြင်းဖြစ်သည်ဟု
သိရသည်။

မြ၀တီမှလာသည့် အသက် ၁၂နှစ်အရွယ်ကလေးငယ်တဦးက “ဒီနေ့ မဲဆောက်မှာ ဆန်လှူပွဲ
ရှိတယ်ဆိုလို့ ဒီက အဒေါ်က ဖုန်း ဆက်တယ်။ ဒါကြောင့် ဒီမနက် ကျနော်တို့စက်လှေနဲ့ပဲ
စီးလာတယ်။ မြ၀တီကလူတွေ အများကြီးလာတာပဲ။ ကျနော်တို့တဖွဲ့ တည်းတောင် ၁၀ယောက်
ကျော်တယ်။”ဟု ပြောသည်။

အဆိုပါ ဆန်လှူပွဲသည် မနက်ပိုင်းတွင် တိုကင်ကဒ်ပြားများ ပေးဝေ၍ ညနေ(၃)နာရီအ
ချိန်တွင် စတင် လှူဒါန်းခဲ့ရာ ကိုယ်အင်္ဂါ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေး
ငယ်များနှင့် လူလတ်ပိုင်းများ လာရောက်အလှူခံကြပြီး အလှူပစ္စည်းထုပ်တွင် ဆန် လေးကီ
လို၊ မာမား ၂ထုပ်၊ ငါးသေတ္တာ ၁ဗူး၊ ငါးပိ ၁ဗူးနှင့် ဆား ၁ထုပ်တို့ ပါဝင်သည်။

ယခုနှစ်ပြုလုပ်သည့် စုပေါင်းကုသိုလ်ပြုဆန်လှူပွဲမှာ (၄၁)ကြိမ်မြောက်ဖြစ်ပြီး ပွဲတော်ကျင်းပ
ရေးကော်မတီမှ ထိုင်းအာဏာပိုင် များကို ခွင့်ပြုချက်ယူထားသောကြောင့် ယနေ့ ဆန်လှူပွဲ
လာရောက်သည့် မြန်မာပြည်သားများကို ထိုင်းအာဏာပိုင်များက ဖမ်း ဆီးခြင်း မရှိကြောင်း
သိရှိရသည်။

ဆက်ဖတ်နိုင်ပါသေးသည်...