MOTHER

MOTHER
PEE TA HTOO

Sungai Chalit Karen New Year

ဆက်ဖတ်နိုင်ပါသေးသည်...

Karen New Year Part=2Sydney,Australia

ဆက်ဖတ်နိုင်ပါသေးသည်...



ဆက်ဖတ်နိုင်ပါသေးသည်...

ဆက်ဖတ်နိုင်ပါသေးသည်...



ဆက်ဖတ်နိုင်ပါသေးသည်...

ရှရှားလုပ် စစ်သုံးရဟတ်ယာဉ် အစီး ၅၀ မြန်မာ့ လေတပ်ဝယ်ယူ

ဧရာဝတီ Wednesday, September 08, 2010
တိုင်းရင်းသားလူမျိုးများကို မျိုးဖြုတ်သတ်ဖြတ်ဖို့ ပြည်သူ့ဘဏ္ဍာနဲ့ဝယ်တဲ့ လူသတ်စစ်ရဟတ်ယာဉ်
တွေလာပါပြီဗျာ။ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်မယ်တဲ့။ မိမိတို့တိုင်းရင်းသားတွေကို ကာကွယ်ကြဖို့
သတိရှိရှိ ပြင်ဆင်သင့်ပြီဗျို့။

Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်

မြန်မာ့ လေတပ် အတွက် ရှရှား မှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစီး ၅၀ နှင့် Mi-2
သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူ လိုက်ကြောင်း လေတပ် အသိုင်းအဝန်းမှ သိရသည်။
စစ်အစိုးရအနေဖြင့် တပ်မတော် (လေ) အတွက် Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်
များ ဝယ်ယူခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး ဖြစ်သည်။


“Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၅၀ နဲ့ Mi-2 ရဟတ်ယာဉ် တဒါဇင် ရှရှား
ကနေ ဝယ်လိုက်ပါတယ်။ မိတ္ထီလာ ပျံသန်း လေ့ကျင့်ရေး အခြေစိုက်စခန်းမှာ အခု အစိတ်
အပိုင်းတွေ တပ်ဆင်နေပါပြီ”ဟု လေတပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြော သည်။

“ရဟတ်ယာဉ်တွေ တပ်ဆင်မှု အပြီးသတ်ရင် တပ်ဖွဲ့ လေးဖွဲ့ကို ခွဲပြီး ချပေးမှာပါ။ အဲဒီ ရ
ဟတ်ယာဉ်တွေကိုရမယ့် တပ်ဖွဲ့ လေးဖွဲ့ ထဲက နှစ်ဖွဲ့ကတော့ မကွေး လေတပ် အခြေစိုက်စ
ခန်းနဲ့ အေလာ လေတပ် အခြေစိုက် စခန်းတွေပါ”ဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိ မြန်မာ့ လေတပ် အခြေစိုက်စခန်း ၁၅ ခုရှိသည်။ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့
နယ်ရှိ အေလာ လေတပ် စခန်းသည် နောက်အကျဆုံး ဖွင့်လှစ်သည့် စခန်းသစ်ဖြစ်ပြီး ထိပ်
တန်း ဗိုလ်ချုပ်ကြီးများနှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရ အရာရှိများ လိုက်ပါလာသည့်
လေယာဉ်များ ဆင်းသက်လေ့ရှိကြောင်း သိရသည်။

မြန်မာ့လေတပ်ကို ခေတ်မီသည့် လေတပ်အဖြစ် အဆင့်မြှင့်တင်ရန် လေတပ် ကာကွယ်ရေး
ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ရှရှားနိုင်ငံနှင့် ညှိနှိုင်းပြီး တနှစ်အကြာတွင်
ဤ စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်း စစ်သုံးရဟတ်ယာဉ်များမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ
ထိန်းချုပ်ရာတွင် ခြေလျင်တပ်များကို အထောက်အပံ့ပေးရန် လေကြောင်းစစ်ဆင်ရေးအ
တွက် အားဖြည့်ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောဆိုသည်။

“Mi-24 ရဟတ်ယာဉ်တွေ ဝယ်တဲ့ အဓိက အကြောင်းကတော့ တိုင်းရင်းသား လက်နက်
ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းဖို့ပါပဲ”ဟု လေတပ်နှင့် နီးစပ်သူကလည်း ပြောသည်။

မြန်မာ့လေတပ်သည် ၁၉၅၆ ခုနှစ်တွင် ကာဝါစကီ ဘဲလ် 47G ရဟတ်ယာဉ် ၆ စီးကို ဂျပန်
မှ ဝယ်ယူခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အစီအစဉ်အတွက်
အမေရိကန်မှ ဘဲလ် 205A-1 ရဟတ်ယာဉ် ၁၈ စီး ထောက်ပံ့ ပေး အပ် ခဲ့သည်။ ထို့နောက်
ပိုင်း အဆင့်ထပ်မံ မြှင့်တင်နိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် စစ်အစိုးရသည် ရဟတ်ယာဉ် အစီး ၇၀ ခန့် ထပ်မံ ဝယ်ယူခဲ့ပြီး ယင်းတို့အနက်
တချို့ကို အသုံးပြုနေဆဲဖြစ်သည်။ အများအားဖြင့် ယင်းရဟတ်ယာဉ်များကို ရန်ကုန်တိုင်းရှိ
မှော်ဘီ၊ ရှမ်းပြည်နယ်ရှိ နမ့်ဆမ်၊ ပဲခူးတိုင်းရှိ တောင်ငူ လေတပ် အခြေစိုက် စခန်းများနှင့်
မန္တလေးတိုင်းရှိ မိတ္ထီလာ မြေပြင် လေ့ကျင့်ရေး လေတပ် အခြေစိုက် စခန်းများတွင် ဖြန့်ကျက်
ထားရှိသည်။

၂၀၀၁ ခုနှစ်တွင် Mi-17 ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး
အပါအဝင် အဆင့်မြင့် အရာရှိများ သေဆုံးခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ပင်းဒယမြို့နယ်အနီးတွင် တောင်ငူ လေတပ်စခန်းမှ Mi-2
ရဟတ်ယာဉ်တစီး ပျက်ကြခဲ့ရာ လေးဦး သေဆုံးခဲ့သေးသည်။

လေတပ်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကတည်းက စတင် တည်ထောင်
ခဲ့သည်။ မြန်မာပြည်မြောက်ပိုင်းတွင် တောခိုသွားသည့် ဗမာပြည် ကွန်မြူနစ်ပါတီ တပ်ဖွဲ့
များကို ခြေမှုန်းခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသား လက်
နက်ကိုင် တပ်ဖွဲ့များကို ခြေမှုန်း တိုက်ခိုက်ခဲ့သည်။

ဆက်ဖတ်နိုင်ပါသေးသည်...

သြစတြေးလျားနိုင်ငံ တက်စမေးနီးယားပြည်နယ်၌ AKO ဖွဲ့စည်း

သြဂုတ်လ ၃၁ရက်။ စောကျော်ခွိ

သြစတြေးလျားနိုင်ငံတောင်ပိုင်းရှိ တက်စမေးနီးယား(Tasmania)ပြည်နယ်၊ Hobart
မြို့တွင် သြဂုတ်လ ၂၈ရက်က ကရင့်ရိုး ရာချည်ဖြူဖွဲ့ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရင်း
သြစတြေးလျား ကရင်အမျိုးသားအဖွဲ့အစည်း (AKO)ကို ဖွဲ့စည်းလိုက်သည် ဟု သိရသည်။


ကရင်အမျိုးသားများ မိမိတို့၏ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ကြစေရန်၊ ကရင့်
တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်ရန်နှင့် အမျိုးသားနိုင်ငံရေးအပေါ် မျက်ခြေမ
ပြတ် ဆက်လက်လုပ်နိုင်ကြစေရန် ရည်ရွယ်ပြီး တက်စမေးနီးယား ပြည်နယ်၊ သြစတြေးလျား
ကရင်အမျိုးသားအဖွဲ့(AKO) ကို ပထမဆုံးအကြိမ် ဖွဲ့စည်းရခြင်းဖြစ်သည်။


ယင်းသို့ ဖွဲ့စည်းရာတွင် အလုပ်အမှုဆောင်များအဖြစ် နော်ဖောထူးလိုင်(ဥက္ကဌ)၊ စောဖောနေ
(ဒု-ဥက္ကဌ)၊ စောအဲစူး(အတွင်းရေး မှုး)၊ စောဆာအဲ (တွဲဖက်အတွင်းရေးမှုး) အပါအ၀င်
အလုပ်အမှုဆောင် ၁၅ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

Hobart မြို့ Glenorchy Primary School မူလတန်းကျောင်း၌ ထိုနေ့ နေ့လည်(၁)
နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုအခမ်းအ နားသို့ တက်စမေးနီးယားပြည်နယ်အစိုးရနှင့် အစိုး
ရကိုယ်စားလှယ်များ၊ မြို့တော်ဝန်၊ သြစတြေးလျားနိုင်ငံသားများနှင့် ကရင် ပြည်သူများ စုစုပေါင်း
၃၅၀ခန့် တက်ရောက်လာခဲ့ကြသည်။

ရိုးရာလက်ချည်ပွဲနှင့် ပတ်သက်၍ မြို့တော်ဝန် (Andriana Taylor)မှ ကရင်လူမျိုးများ
မိမိတို့၏ ရိုးရာဓလေ့ ထုံးစံများကို လွတ် လပ်စွာ ဖော်ထုတ်နိုင်ကြပြီး သြစတြေးလျားရှိ လူမျိုး
စုံယဉ်ကျေးမှုအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေကြောင်း အားပေးစကား ပြောကြား
ခဲ့သည်။

“ဘယ်ကိုပဲရောက်ရောက် ကရင်လူမျိုးတွေဟာ မိမိရိုးရာဓလေ့တွေကို မမေ့မပျောက် ဆက်လက်
ထိန်းသိမ်းကျင်းပလေ့ရှိတာ ကို တွေ့ရတော့ ၀မ်းသာမိပါတယ်။ ကရင့်အရေးတွေကို ထိထိမိမိ
လုပ်ဆောင်နိုင်ဖို့ အခုလို ကရင်အဖွဲ့အစည်းတွေ ပေါ်ပေါက် လာလို့လည်း တည်ငြိမ်မှုတွေ ခံစား
လာရသလိုပဲ။”ဟု ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သူ စောအဲရှူးက ပြောကြားခဲ့သည်။

သြစတြေးလျားနိုင်ငံ Tasmania ပြည်နယ်သို့ ၂၀၀၈ခုနှစ်မှစ၍ ရောက်ရှိလာသည့် ကရင်လူမျိုး
များမှာ အိမ်ထောင်စု ၃၀ကျော် နှင့် လူဦးရေ ၁၅၀ခန့်ရှိပြီး ယခုနှစ်မှသာ ရိုးရာလက်ချည်ပွဲကို
စုပေါင်းကျင်းပခဲ့ကြရာ မန်းအော်လန်းဒို၊ မန်းချစ်စိန်၊ စောကနဲမီ အပါအ၀င် ဆစ်ဒနီ၊ မဲလ်ဘုမ်းမှ
ကိုယ်စားလှယ် ၁၀ဦးခန့် သွားရောက်ခဲ့ကြသည်။

AKO ဥက္ကဌ စောလွင်ဦးက “တိုင်းရင်းသား ကရင်လူမျိုးများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု
တွေ၊ နအဖ စစ်အုပ်စု၏ လူသား ချင်း မစာနာတဲ့လုပ်ရပ်တွေကို သြစတြေးလျားနိုင်ငံသားများ၊
ကရင်ပြည်သူတွေ ပိုမို သိစေချင်ပါတယ်။ နိုင်ငံတကာနှင့် ကမ္ဘာ့ ကုလသမဂ္ဂမှလည်း စုံစမ်းစစ်
ဆေးရေးကော်မရှင်ဖွဲ့ပြီး နအဖ စစ်ရာဇဝတ်ကောင်တွေကို ခုံရုံးတင် စစ်ဆေးပေးနိုင်ဖို့၊ သြစတြေး
လျားအစိုးရကလည်း ဒီကော်မရှင်ဖွဲ့မှုကို ထောက်ခံပေးစေချင်ပါတယ်။”ဟု ပြောသည်။

၁၉၉၇ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည့် AKO အဖွဲ့သည် သြစတြေးလျားနိုင်ငံရှိ ဆစ်ဒနီ၊ ကန်ဘာရာ၊
မဲလ်ဘုမ်း၊ ဒါဝင်၊ ပါ့သ်၊ ဘရစ် စဘိန်း၊ အတ်ဒ်လိတ်ဒေသများတွင်လည်း ဒေသဆိုင်ရာ အဖွဲ့ခွဲ
များ ရှိထားသည်ဟု သိရသည်။

ဆက်ဖတ်နိုင်ပါသေးသည်...